အမေရိကန်ရဲ့ ​ကျန်းမာရေး အရေးပေါ် ကြေငြာချက်

avatar

WHO အနေနဲ့ ကမ္ဘာတစ်ဝန်းမှာကူးစက်မှုနှုန်း မြင့်တက်လာတဲ့ မျောက်ကျောက်ရောဂါကို အမြင့်ဆုံး ကျန်းမာရေးအရေးပေါ် ထုတ်ပြန်ပြီးတဲ့နောက် နှစ်ပတ်ပြည့်တဲ့နေ့မှာပဲ အမေရိကန်အနေနဲ့ WHO လို အရေးပေါ်ကြေငြာချက်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

အမေရိကန်ရဲ့ ကျန်းမာရေးအာဏာပိုင်တွေရဲ့ ရောဂါကူးစက်မှုနှုန်းစာရင်တွေအရ ကူးစက်သူပေါင်း ၆၆၀၀ ကျော်ရှိသွားပြီလို့ ထုတ်ပြန်ထားပါတယ်။ထိုထဲက ၄ပုံ ပုံ ၁ပုံဟာဆိုရင်ဖြင့် နယူးယောက်ပြည်နယ်ထဲကဖြစ်ပြီးတော့ ထိုပြည်နယ်မှာ ပြီးခဲ့တဲ့ အပတ်ကတည်းက အရေးပေါ်ကြေငြာထားပြီးလဲ ဖြစ်ပါတယ်။

ကူးစက်မှုနှုန်းအမြင့်ဆုံးမှာရှိနေတဲ့ ကယ်လီဖိုးနီယားနဲ့အီလီနွိုင်း တို့မှာလဲ ပြည်နယ်အလိုက် အရေးပေါ်ကြေငြာချက်ကိုယ်စီတွေကိုလဲ ပြီးခဲ့တဲ့တစ်ပတ်ကတည်းက ထုတ်ပြန်ထားပြီးလဲဖြစ်ပါတယ်။ဒီကြေငြာချက်တွေကြောင့် ရောဂါပြန့်ပွားမှုတားဆီးရေးအတွက် ကုသ​​ရေးနဲ့ကာကွယ်ဆေးဖြန့်ချီမှုတွေကိုလဲ ဖယ်ဒရယ်အစိုးရအရင်းအမြစ်တွေကို အရှိန်မြှင့်သုံးစွဲနိုင်မှာပဲ ဖြစ်ပါတယ်။

ကူးစက်မှုနှုန်းတွေထိုးတက်လာတဲ့ မျောက်ကျောက်ရောဂါကြောင့် အရေးပေါ် ကျန်းမာရေးအခြေအနေဖြင့် အမေရိကန်အစိုးရ ကြေငြာထားပါတယ်။အမေရိကန်ရဲ့ ရောဂါကူးစက်မှု ထိန်းချူပ်ကာကွယ်ရေးဌာနရဲ့အချက်အလက်တွေအရ ကမ္ဘာတစ်ဝန်း ဒီနှစ်ထဲမှာ မျောက်ကျောက်ရောဂါကူးစက်မှုပေါင်း ၂၆၀၀၀ ကျော်အတ​ည်ပြုပြီးလဲဖြစ်ပါတယ်။
@kaunglay2
21:05PM



0
0
0.000
2 comments