လောဘတွေကကြီးလိုက်ကြတာ

avatar

လက်ရှိမှာတော့ ဆီရရှိမှုက တော်တော်ကိုအကြပ်ရိုက်နေပါတယ်။အကြပ်ရိုက်နေရတဲ့အထဲမှာ တချိူ့လောဘသမားတွေကတမျိူး တချိူ့သော လမ်းဘေးဆီဆိုင်တွေက တမျိူးနဲ့ ဆီစျေးကလဲ အမျိူးမျိုးကို ဖြစ်လို့လာနေခဲ့ပါပြီး။

ဆိုင်ကြီးတွေဖြစ်တဲ့ Denko,Asia Energy,BOC စတဲ့ဆိုင်တွေအနေနဲ့ကတော့ ဆီစျေးတွေက တန်တူစျေးနှုန်းနဲ့ရောင်းချနေပါသော်လည်း တချိူ့သော လမ်းဘေးက ပန့်ဆိုင်တွေ တချိူ့သော ဆီဗူးလေးနဲ့ရောင်းချနေတဲ့ ဆိုင်တွေရဲ့ စျေးတွေကမြင်မကောင်းကို ကြားသိနေရပါတယ်။

တ​နေ့ထက်တနေအခက်အခဲရှိသူတွေဆီကနေ ငါကတော့ ဘယ်လိုကူညီပေးလိုက်ရင်ကောင်းမလဲလို့ မတွေးကြပဲ အဲလူဆီကနေ ဘယ်လိုနှိုက်ထုတ်ပြီးယူရမလဲလို့ တွေးနေကြတဲ့လူတွေရှိနေသ၍တော့ အခုလိုအခက်အခဲတွေကတော့ တိုးလာဖို့ပဲရှိတော့မယ်။ဆီစျေးတွေကလဲ ဒေါ်လာစျေးတွေလိုပဲ Black Market မှာ ပြန့်နှံ့နေပါတော့မယ်။

အခုဆိုရင်တော့ တချိူ့သောပန့်ဆိုင်အလတ်လေးတွေက 1liter ကို 3000 ရှိတဲ့ဆိုင်နဲ့ 3000အထက်ရှိတဲ့ဆိုင်တွေကလဲ ရှိနေသေးတယ်။အပြင်ကအခုမှထဖွင့်တဲ့ဆိုင်ဆို 1liter ကို 3500 ထိတောင် စျေးတင်ပြီး ရောင်နေကြပြီး။

ဒီနေ့ဆို ကျတော်တို့ရုံးကဆိုင်ကယ် ဆီအရေးပေါ်လိုလို့ သွားဖြည့်လိုက်မိပါတယ် 1Liter ကို 3500 ပေးခဲ့ရတယ်။အာ့တောင် 92 စျေးပဲရှိပါသေးတယ်။ 95 စျေးဆိုရင်တော့ ကွကိုယ်တာခန့်မှန်းကြည့်ပါတော့။ဒါတောင် အဝေးပြေးလမ်းမပေါ်က စျေးက 1Liter 6000 ဆိုပြီးတော့ ပြဿနာတောင်ဖြစ်နေကြတယ်လို့ သတင်းတွေကကြားမိပါတယ်။ဒီနေ့ကတော့ ဆိုင်ကြီးစျေးတွေက 92 ဆိုရင် 2650 ကျပ်ပဲရှိနေပါတယ်။
@kaunglay2
22:30PM



0
0
0.000
6 comments
avatar

Congratulations @kaunglay2! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You received more than 10000 upvotes.
Your next target is to reach 15000 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Level up your NFTs and continue supporting the victims of war
Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar

ဒုက္ခတွေ များလိုက်ကြတာဗျာ။
!PIZZA

0
0
0.000