လွမ်းမိသော ကလေးဘဝ

avatar

ဒီအချိန်ဆိုရင် ငယ်ငယ်တုန်းကအဖြစ်အပျက်လေး သွားပြီးသတိရမိပါတယ်။ငယ်ငယ်တုန်းကတော့ ဒီလိုအချိန်ရောက်ရင် အိမ်ကနေပြီးတော့ လွယ်အိတ်တစ်လုံးလွယ် ရေခွက် သို့မဟုတ် ခွက်တစ်ခုခုကို ယူပြီးတော့ တစ်ရပ်ကွက်ပြီး တစ်ရပ်ကွက် လိုက်ပြီးတောင်းခဲ့တယ်။

ငယ်ငယ်တုန်းကဆိုတော့ တစ်ရပ်ကွက်ပြီး တစ်ရပ်ကွက် တစ်အိမ်ပြီး တစ်အိမ်နဲ့ လမ်းလျှောက်ရတာ မောတယ်လို့ကို မရှိခဲ့ပါဘူး။တစ်အိမ်ဝင် တစ်အိမ်ထွက် အဖွဲ့လိုက်ကြီးဆိုတော့ တော်တော်လေးပျော်ခဲ့ရတယ်။ကိုယ်နေတဲ့ရပ်ကွက် တခြားရပ်ကွက်မှာ ပျော်ပွဲစားထွက် တခြားရပ်ကွက်က ကိုယ်နေတဲ့ရပ်ကွက်မှာ ပျော်ပွဲစားထွက်။

ကလေးတုန်းကဆိုတော့ တနေကုန်လမ်းလျှောက်တော့လဲ မောသည်မရှိချေ၊နေပူထဲလဲ ပူတယ်လို့ကိုမရှိခဲ့ဘူး။တစ်အိမ်က 50ks တချိူ့အိမ်က 100ks တချိူ့အိမ်ကတော့ ဆန်က တစ်မျိူး ကြက်သွန်နီ ကတစ်မျိူး ချိူချဥ်ကတစ်မျိူးနဲ့ အမျိူမျိူး ပေးခဲ့ကြတယ်။အိမ်တစ်အိမ်ရှေ့ရောက်ရင် 'ပျော်ပွဲစား'ဗျိူ့ဆိုပြီးတော့ အသံက မပိကလား ပိကလားနဲ့ အော်ခဲ့ဖူးတယ်။

တနေကုန်ပြီးတော့ ညရောက်ပြန်တော့ ပံ့တကူကလိုက်ရှာခဲ့သေးတယ်။ဓာတ်မီးတစ်ချောင်ကိုင်ပြီးတော့ ဟိုကြားထိုးရှာ ဒီကြားထိုးရှာနဲ့ စက္ကူအပိုင်အစလေးများ တွေ့ရင် ပြေးပြီးတော့ ဖက်ရတာအမော၊နောက်ပြီးတော့ သူများအိမ်ရှေ့ကနေ 1 2 3 ပိုက်ဆံကြဲပါဗျို့ဆိုပြီးတော့လဲ သံပြိုင်အော်ခဲ့ဖူးတယ်။

အခုဆိုရင် ကိုယ်တွေအသက်ကြီးလာတော့ လမ်းပေါ်မှာကလေးတွေ လွယ်အိတ်တစ်လုံးနဲ့ ခွက်တစ်ခွက်ကိုင်တာမြင်ရင် ကိုယ်ငယ်ငယ်က အဖြစ်ကိုတွေးပြီးတော့ အော်ငါလဲ အဲအချိန်တုန်းက အခုလိုပျော်ပွဲစား ထွက်ခဲ့ပါလာဆိုပြီးတော့ ပြုံးလိုက်မိသည်။

@kaunglay2
22:20PM



0
0
0.000
4 comments
avatar

ကလေး ဘဝက တိုက်ဆိုင်တိုင်း သတိရလွမ်းရပါသည်။
!PIZZA

0
0
0.000