မြင်ယောင်မိနေတယ် နော်
အခြေအနေကတော့ တော်တော်ဆိုးတဲ့အခြေအနေတခုပါပဲ၊ဆီတွေကအရင်တစ်ခေါက်တုန်းကလို တန်စီပြီးတော့ ဝယ်နေရပြီး ဒီတစ်ကြိမ်မှာတော့ 92/95 တင် ပြတ်လပ်သွားတာမဟုတ်ဘဲ ဒီဇယ်တွေပါ တချိူ့ဆိုင်ကြီးတွေမှာ ပြတ်လပ်သွားခဲ့ရတဲ့အထိဖြစ်သွားပါပြီး။
ပြီးခဲ့တဲ့ ၂ရက်အတွင်းမှာ ဒီဇယ်စျေးတွေကတော့ ပုံမှန်အနေအထား 2200 ပတ်ချာလည်ပဲငြိမ်နေပါတယ်။ဒီနေ့အထိလဲ ဒီဇယ်စျေးတွေကတော့ မတက်ဘဲ ရိုးရိုးဒီဇယ်တွေကတော့ ပြတ်လပ်တဲ့အထိဖြစ်သွားခဲ့ရပါပြီး။မီးကလဲ အခုရက်ပိုင် ပျက်လိုက်တာများ ပြောမနေပါနဲ့တော့ ခန့်မှန်းလို့မရနိုင်အောင်ပါပဲ။
92/95 ရဲ့စျေးတွေကတော့ တက်တာမှ ရက်ရက်စက်စက်ပါပဲ ၂ရက်အတွင်း တခါမှမတက်ဘူးတဲ့စျေးနှုန်းလို့တောင် ပြောလို့ရမယ်အနေအထားပါပဲ၊ စံချိန်တင်စျေးနှုန်းပေါ့ မနေ့ကတောင် 92/95 စျေးက 1900 ပတ်ချာပဲရှိနေပြီးတော့ ဒီနေ့မှာတော့ ဆီစျေးက 2300 ထိတက်ခဲ့သည့်အပြင် ယနေ့ ဆီပါပြတ်လပ်သွားတဲ့အထိ အခြေအနေ ရောက်ရှိခဲ့ပါပြီး။
မနက်ဖြန်ရောက်ရင်တောင် ဆီစျေးရဲ့အနေအထာဆိုရင်ဖြင့် ပထမတက်တုန်းကလို ၂၅၀၀ ထိဖြစ်သွားမလာဘဲ တွေးတောင်မတွေးရဲတော့တဲ့အထိဖြစ်နေပါတယ်။အခြေခံလူတန်စားနဲ့ အခြေခံလုပ်သားတွေအတွက်တော့ ဒီစျေးဟာ အတော်ကို စိတ်ဒုက္ခဖြစ်စေမယ့် အကြောင်းအရာတခုလို့ ပြောလို့ရမယ်တူတယ်။
မြင်ယောင်မိပါတယ် ထွန်းထွန်းရဲ့ ရွှေမန်းသူလေး သီချင်းထဲကလို (ရွှေမန်းသူလေ ဘီးကလေးတစ်စီး
စီးလို့နင်းကာသွား) ဆိုတဲ့ စာသားအတိုင် ဘယ်အချိန် ဖြစ်လာမလဲ ဘယ်အချိန်ရောက်လာမလဲဆိုတာကတော့....
!MEME
Credit: memess
Earn Crypto for your Memes @ hiveme.me!
ရို့ ယို့ စက်ဘီးလေးနဲ့ ဒိုးကြတာပ။
မအလ ရေ နင်လည်း အမြန်ဒိုးပါမှ။
!LOL
lolztoken.com
hot or cold?, Hot, because you can easily catch a cold.
Credit: reddit
@kaunglay2, I sent you an $LOLZ on behalf of @htwegyi
LOLZ staking coming August 14! Please read our latest update for details on how it will impact you.
(2/4)