ငါ ဆိုတဲ့ အတ္တ

avatar

မြန်မာပြည်မှာ အလုပ်အကိုင်နဲ့နိုင်ငံရေးအခြေအနေက တော်တော်ဆိုးဝါးနေခဲ့ပါပြီး။တခြားသောတိုင်းတစ်ပါးမှာ မြန်မာလူမျိူးတွေ အိမ်အကူဖြစ်လိုက် ​ကြားထဲမှာ ထမင်းနပ်မမှန်တာတွေ လုပ်အားခတွေ လျော့ခံရတဲ့အပြင် တချို့ဆိုလိဒ်အကြမ်းဖက်မှုတွေပါ ခံစားနေကြရပြီး။

ပွဲစား ပွဲစား တွေကြောင့် ကိုယ့်လူမျိူးအချင်းချင်း အပေါ်မှာတောင် ဂုက်သွေးစုပ် အမြတ်ထုတ်ချင်တဲ့လူတွေချည်းပါပဲ။ဒီလိုအခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်မှာ တရားဥပဒေဆိုတာ ကိုယ့်နိုင်ငံမှာ စိုးမိုးမှုမရှိတော့ သူများနိုင်ငံဖြစ်ပျက်နေတာတွေကလဲ ဥပဒေအကာအကွယ်ဆိုတာလဲ ဝေးစွ။

ဒီလိုအချိန်မျိူးမှာ ဒီလိုတွေဖြစ်ပျက်နေတာက ဘယ်သူ့ကြောင့်လဲ၊ဘယ်သူ့ဘယ်ဝါးဆိုတာကတော့ မပြောလိုပေးမယ့် အမှန်တကယ်ဖြစ်ပျက်နေတာ ကိုယ်ကိုကိုယ်ကြောင့်ပဲလို ယူဆမိပါတယ်။ကိုယ်ကိုကိုယ်ကြောင့်ဆိုတာထက် မြန်မာပြည်မှာလာပြီး ကိုယ်က လူလာဖြစ်နေတာကိုး။ခေတ်ပြတ်နေတဲ့အထဲမှာ ခေတ်ဆိုး စနစ်ဆိုးနဲ့ အသက်ရှင်သန်နေရတာကိုးက ကိုယ့်ကိုကိုယ်အပြစ်လို့ပဲ မြင်မိပါတယ်။

​​ရေနစ်​နေတဲ့လူတွေကို ကူမယ် ကယ်မယ်မရှိပါပဲနဲ့ထိုရေနစ်နေတဲ့လူကိုပဲ အပေါ်ကနေ ထုတ်နဲ့ထိုးလိုက် လှေတံနဲ့ထိုးလိုက် အလုပ်ကိုဖြစ်နေရော်ပါပဲ။​ကြားထဲမှာ ဥပဒေအရ အကာအကွယ်လဲမရှိသလို ဥပဒေအရ စိုးမိုးမှုလဲမရှိတော့ ငါဆိုတဲ့အတ္တသမားတွေကြောင့် သူများမျက်ခုံပေါ်မှာ စင်္ကြံလျှောက်နေကြတယ်။

ဘယ်သူ သေသေ မသေသေ ငါအသက်ရှင်နေရရင်ပြီးရော်လူတွေက ငါအတွက် ထမင်းနပ်မှန်ဖို့ ငါအတွက် အဆင်ပြေဖို့ ငါတစ်ယောက်တည်းအတွက် ဘယ်သူ့တွေဘာဖြစ်ဖြစ် ငါအပူမဟုတ်ဘူးဆိုပြီးတော့ လုပ်ချင်တိုင်သာ လုပ်နေရတာကို တွေ့နေရတာ စိတ်မကောင်းဘူး။

@kaunglay2
23:00PM



0
0
0.000
2 comments