နှစ်ဖက်အကျအဆုံး စစ်ဆေးဖို့ ခက်ခဲ
ယူကရိန်းနဲ့ရုရှားရဲ့ စစ်ပွဲအတွင်းမှာ နှစ်ဖက်ကျဆုံးခဲ့ရတဲ့ စစ်သည်တွေရဲ့ သေဆုံးသူတွေက ဘယ်သူဘယ်ဝါဆိုတာကို စိစစ်ဖို့အတွက် ခက်ခဲနေတယ်လို့ဆိုထားပါတယ်။ထို့အတူ ယူကရိန်းနဲ့ရုရှားရဲ့ စစ်ပွဲအစကနေ ဒီနေ့အထိ နှစ်ဖက်ရဲ့ အကျအဆုံးစာရင်ကလဲ တွက်နိုင်ဖို့အတွက် ခက်ပါတယ်လို့ ယူကရိန်းဘက်က ဆိုထာပါတယ်။
ယူကရိန်းဘက်ကတော့ ကျဆုံးသွားတဲ့ စစ်သားတွေရဲ့ နေရပ်ပြန်ဖို့အတွက် ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်ရာမှာလဲ စိန်ခေါ်မှုတွေ ရှိနေခဲ့တာကြောင့် ကျဆုံးသွားခဲ့ရတဲ့အထဲမှာ စစ်သည် ၄၀၀ လောက်သာ နေရပ်ပြန်ပို့နိုင်ခဲ့တယ်လို့ ယူကရိန်းအစိုးရဖက်က ထုတ်ပြန်ထားပါတယ်။
ရုရှားသိမ်းပိုက်ထားတဲ့ ဒေသအတွင်းမှာ ဆိုဗီယက်ခေတ်က ဆိုဗီယက်တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ လူတစ်ယောက်က နှစ်မြို့စရာမကောင်းတဲ့ အလောင်းတွေကို ပြန်လည်တူးဖော်ပြီး DNA စစ်ပြီးတော့ ရုရှားအစိုးဘက်ကိုပြန်ပို့ပေးမှာပါလို့ ဆိုထားပါတယ်။သူ့အနေနဲ့ အသက်ရှင်စဥ်အခါက ရုရှားက ယူကရိန်းကို တိုက်ခဲ့မှန်းသူသိနေပေမယ့်လဲ ကျန်ရစ်တဲ့တဲ့မိသားစုအတွက် စိတ်မကောင်းဖြစ်နေပါတယ်။
ထိုတပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတော့ စစ်သည်တွေရဲ့ အမေအဖေ သားသမီးတွေ စာနာ နားလည်းမှုတွေအတွက်ကြောင့် ပျော်စရာမကောင်းပေးမယ့်လဲ သူက လုပ်ပေးနေပါတယ်။အလောင်တွေတူး DNA ယူပြီးတော့ ထိုအလောင်တွေကို အိတ်ထဲထည့်ပြီးတော့ ပြန်လည် မြေမြှုပ်ပေးနေပါတယ်။ယူကရိန်းအစိုးရအနေနဲ့ မီးရထားအဆောက်အအုံတစ်ခုထဲမှာ အလောင်တွေကို ယာယီထိန်းသိမ်းထားပြီးတော့ သေတဲ့သူဘယ်သူတွေဆိုတာ စေ့စေ့စပ်စပ် ဖော်ထုတ်နေပါတယ်လို့ ဆိုထားပါတယ်။ထိုဒေကတော့ ယနေ့အချိန်ထိ စစ်ပွဲဇုံထဲမှာရှိနေဆဲပါပဲ။
@kaunglay2
23:00PM
!MEME
Credit: memess
Earn Crypto for your Memes @ hiveme.me!