ဖတ်သာကြည့်တော့ဗျာ
စိတ်ကမကြည် မသွားချင်တဲ့နေရာသွားရ လူနဲ့စိတ်နဲ့ကမကပ် ကံဆိုးချင်တော့ ရုံးပြန်ရောက်မှ ဆိုင်ကယ်ဦးထုပ်မပါမှန်းသိလိုက်ရတယ်။ဦးထုပ်က အစကတည်းကမပါတာလား ဒါမှမဟုတ်ဘဲ သွားတဲ့နေရာမှာ ကျန်နေခဲ့တာလားပေါ့။
ဒီဆိုင်ကယ်ဦးထုပ်မပါဘဲ သွားခဲ့တဲ့လမ်းတွေက တကယ့်ကို လမ်းမကြီးတွေချည်းပဲဖြစ်နေတယ်။လမ်းမကြီးဆို ရုံးကစထွက်ပြီးဆိုတော့ 101လမ်း(သိပ္ပံလမ်း) ကိုတန်ရောက်တော့တာပါပဲ။အဲကနေတဆင့် မိန်းထဲကလမ်းဝင်ရတော့ တော်သေးတာပေါ့။
မိန်းထဲကအထွက် 35လမ်းပေါ်ကိုတန်ရောက်သွားတာပဲ ကိုယ်ကတော့ ခပ်တည်တည်ပါပဲ၊ဆိုင်ကယ်ဦးထုပ်ပါတယ်ဆိုပြီးတော့ တကယ့်လမ်းတွေပေါ်တက်မောင်းခဲ့တယ်။ဒါနဲ့တင်မပြီးသေးပဲ လိုချင်တဲ့ပစ္စည်းပါ ပတ်ပြီးဝယ်ခဲ့ပါသေးတယ်။
ဝယ်ပြီးပြန်တော့လဲ တကယ့်ကို ဖမ်းပေ့လမ်းတွေပေါ်ကနေ ပြန်လာခဲ့တယ်။ကိုယ်ကအစုံပါတယ်ဆိုပြီးတော့ ခပ်တန်တန်မောင်းခဲ့ပါတယ်။ကံကောင်းချင်တော့ ကိုယ်သွားတဲ့လမ်းတွေမှာ ကိုယ်တော်ချောလေးတွေ တစ်ကောင်နဲ့မတွေ့ခဲ့ဘူး။
ရုံးပြန်ရောက်တော့ ဆိုင်ကယ်လေးရပ်ဒေါက်ထောက်ပြီးတော့ ဦးထုပ်ချွတ်မယ်ဆိုတော့ ခေါင်းပေါ်ကိုကိုင်လိုက်တော့ ဦးထုပ်ကပါမလာဘူး။ဒါနဲ့ပဲ ကိုယ်က တနေနေရာမှာ ကျန်ခဲ့တာလားဆိုပြီးတော့ စဥ်းစားရင်နဲ့ ရုံးထဲဝင်လာခဲ့တယ်။ဆိုင်ကယ်ဦးထုပ် ထားတဲ့နေရာရောက်တော့ ဦးထုပ်က ရှိနေတယ်။
ရုံးကလူတွေကိုဟာသအနေနဲ့တောင် ကိုယ်တွေပြောပြခဲ့လိုက်ပါသေးတယ်။တချို့ဆိုရင် ဆိုင်ကယ်ဦးထုပ်ခေါင်းပေါ်မရှိတာ မသိလိုက်ရအောင် ဘာတွေဖြစ်နေလဲပေါ့။အမှန်တော့ ကိုယ်က စိတ်နဲ့လူနဲ့မကပ်တာ တော်သေးတယ် လမ်းပေါ်မှာ ဘာတခုမှမဖြစ်ခဲ့လို့။(ဟီး)
@kaunglay2
22:00PM