ပိုဆိုးလာဖို့ပဲရှိပါတော့တယ်

avatar

မန်းလေးမှာတော့ ဆီတွေဝယ်လို့အဆင်မပြေခဲ့တာ၃ ရက်ခန့်ရှိနေခဲ့ပါပြီး။ဆီကဝယ်လို့မရသည့်အပြင် ဆီစျေးတွေကလဲ ထို၃ရက်အတွင်းမှာတင် 500 ကျော်ထိမြင့်တက်လာခဲ့ပါတယ်။

ဒီနေ့ဆိုရင် မန်းလေးမှာဆိုင်အသေးတွေက မြို့အပြက်ဖက်လောက်က ဆိုင်အသေးလေပဲ ဆီတွေကဝယ်လို့ရနေပြီးတော့ မြို့ထဲမှာရှိနေတဲ့ ဆိုင်အသေးအပြင် ဆိုင်အကြီးတွေပါ ဆီပြတ်လပ်သွားနေခဲ့တယ်။

ဆီဆိုင်အကြီးတွေဖြစ်နဲ့ Denko ဆိုင်တွေတောင် တချို့ ဆိုင်ခွဲတွေမှာ 95/92 တင်ပြတ်လပ်တာမဟုတ်ဘဲ ဒီဇယ်တွေပါထိ အကုန်ပြတ်လပ်သွားခဲ့တယ်။Denko အနေနဲ့ ဆီပြတ်လပ်တာတွေက မနက်ပိုင် မရရင်တောင် နေ့လည် သို့မဟုတ် ညနေတော့ ရနေသေးတယ်။

Asia Energy အနေနဲ့ကတော့ ဘယ်ဆိုင်တွေရနေမှန်းမသိပေးမယ့် ကိုယ်မြင်နေကြ တွေ့နေကြ ထည့်နေကြဖြစ်တဲ့ ဆိုင်ခွဲတစ်ခုကတော့ ဒီနေ့တနေကုန် ဘာဆီမှကို ရောင်းချခြင်းကိုမတွေ့ခဲ့ရဘဲ ဆီတွေပြတ်လပ်နေပါတယ်။

Asia Energy မှာလဲ 95/92 အပြင် ဒီဇယ်တွေလဲ ပြတ်လပ်နေပါတယ်။
တခုထူးခြားတာကတော့ 360 Perto အနေနဲ့တော့ တစ်ဆိုင်တွေ့နေကြဆိုင်ကတော့ ဆီတွေအကုန်ရနေတယ်။ဖြစ်ချင်တော့ အဲတစ်လမ်းလုံးမှာကားတွေက မန်းလေးအခေါ်အဝေါ်နဲ့ဆို 4 ပြလောက်ထိကို တန်စီနေကြတာကို တွေ့နေရပါတယ်။နောက်ဆိုရင် ဒီထပ်ပိုဆိုးလာဖို့ပဲရှိပါတော့တယ်။
@kaunglay2
22:50PM



0
0
0.000
5 comments