ပျော်နေရှာတဲ့ ခါဆွန်ပြည်သူတွေ

avatar

ယူကရိန်းအနေနဲ့ ရုရှားတွေသိမ်းပိုက်ထားတဲ့ ခါဆွန်ဒေသကို တန်ပြန်ထိုးစစ်တွေနဲ့ ပြန်လည်ရရှိအောင် စွမ်းဆောင်နိုင်ပြီးတဲ့နောက်မှာတော့ ထိုဒေသက ကနေ ရုရှားတပ်တွေ ဆုတ်ခွာပြီးတဲ့နောက် ယူကရိန်းတပ်တွေ ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။

ယူကရိန်းတပ်တွေ ခါဆွန်ဒေသကို ဝင်ရောက်လာတာကို ထိုဒေသကပြည်သူတွေမြင်တဲ့အခါမှာတော့ အတော်လေးဝမ်းမြောက်နေကြပါတယ်။ယူကရိန်းစစ်သားတွေကိုလဲ ဒေသခံတွေက နှုတ်ဆက်ကြပြီးတော့ သူတို့အနေနဲ့ ယူကရိန်းစစ်သားတွေ ပြန်ရောက်လာပါစေလို့ ဆုတောင်းနေခဲ့တာ ၆လတောင် ရှိနေခဲ့ရပါတယ်။

သူတို့တွေအနေနဲ့ လွတ်မြောက်သွားပါသော်လည်း နာကျင်မှုတွေကတော့ ရှိနေဆဲပါပဲ။ထိုဒေသရဲ့ ပြည်သူတစ်ယောက်ရဲ့ပြောပြချက်အရ သူ့အနေနဲ့ ယူကရိန်းစစ်သားတွေကို ပြန်မလာတော့ဘူးလို့ ထင်ထားခဲ့တဲ့အချိန်မှာ ယူကရိန်းစစ်သားတွေကို မြင်တဲ့အချိန်မှာ သူ့အနေနဲ့ ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်းမသိသလို သွားပြီးတော့ ဖက်ရမလား လက်ပဲကိုင်ရမလားဆိုတာ ဆွံအသွားခဲ့ရပါတယ်။

သူ့အနေနဲ့ ယူကရိန်း စစ်သားတွေကို ထိမိလိုက်တဲ့အခါမှာတော့ သိပ်ပျော်သွားပြီးတော့ သူတို့တွေဟာ တည်ကြည်ခန့်ညားပြီး ကျက်သရေရှိတဲ့စစ်သားတွေဆိုပြီးတော့ မှတ်ချက်ပေးသွားခဲ့ပြီးတော့ ရုရှားစစ်သားတွေနဲ့ နှိုင်ယှဥ်ပြီးတော့ ရုရှားစစ်သားတွေဟာဆိုရင်ဖြင့် တခြားစီပါပဲလို့တောင် ပြောသွားခဲ့ပါသေးတယ်။
@kaunglay2
23:20PM



0
0
0.000
4 comments