ယုံကြည်မှု လွန်မကဲပါစေနဲ့

avatar

FB_IMG_1613374283641.jpg

မြန်မာပြည်မှာ အတော်လေး ပေါက်ကရနိုင်တာကိုခုတလောတွေ့နေရပါတယ်။ဘယ်ကလာမှန်းမသိ ဘယ်သူပြောလို့ ဘာတွေကို ယုံကြည်ပြီးတော့ ဘာတွေလျှောက်လုပ်နေတာလဲမသိတော့ပါဘူး။အတော်လေးဆိုးရွားနေတယ်။ခေတ်ကမကောင်း စနစ်ကလဲ ဆိုး။

အမှန်တော့ မြန်မာပြည်ကလူတော်တော်များများက လေ့လာမှုအားနည်းနေတယ်။ပညာပိုင်မှာလဲ အတော်လေးလဲ အားနည်းနေတော့ ဟိုလူပြောယုံ ဒီလူပြောယုံနဲ့ အခုလဲ ဘယ်သူတွေကဘာတွေပြောလိုက်တယ်မသိပါဘူး။အရုပ်ကို ဘာတွေထင်လို့ ကိုးကွယ်နေကြတာလဲဆိုတာမသိရ။

သေချာတာတခုတော့ နတ်တို့ဘာတို့ကို ယုံကြည်အားကိုးလို့ထင်တယ်လို့ မြင်မိတယ်။မြန်မာပြည်မှာတခုခုဆိုတာနဲ့ နတ်တွေ အကြားအမြင်တွေ ဘာတွေ မေးတတ်တဲ့ အဖြစ်အပျက်တွေကရှိနေတော့ ပြောရခက်တယ်ဗျာ။လူတစ်ယောက်က တစ်ခုခုအခက်အခဲကြုံလာတာပဲဖြစ်ဖြစ် ဗေဒင်တွေ ယတ္တရာတွေ မေးတတ်ကြတယ်။ကိုယ်ယုံကြည်ရာကိုယ် မေးတာကမဆန်းပါဘူး။

ယုံကြည်မှုက လွန်သွားရင်လဲ မကောင်းဘူးဆိုတာကတော့ သိသင့်တယ်လို့ထင်ပါတယ်။ကိုယ်ကလဲ နတ်တို့ ဘာတို့ကို မယုံကြည်တာလဲ မဟုတ်သလို ယုံကြည်တယ်လို့ မခံယူထားပါဘူး။ဗေဒင်တွေ ယတ္တရာတွေလဲ ပါတာပေါ့။ထိုကိစ္စနဲ့ပတ်သတ်လို့ ၁၀တန်းတုန်က အဖြစ်အပျက်လေး သွားသတိရမိပါတယ်။နောက် post မှာ ပြန်လည်စုံစည်းကြမယ်။
@kaunglay2
23:00PM



0
0
0.000
3 comments