United Nation ဆိုတာ
မစဥ်းစားတတ်တော့ပါဘူးဗျာ၊လူတွေအကြောင်းကို အလုပ်နဲ့အပြောနဲ့က တစ်ထပ်တည်းမကျဘူးဖြစ်နေတယ်။ပြောလိုက်တဲ့စကားလုံးတွေကလဲ အခုပဲ ဟိုဟာဖြစ်တော့မလို့ ဒီဟာဖြစ်တော့မလိုနဲ့ အမှန်တကယ်တော့ ဘာမှဖြစ်မလာခဲ့ဘူး။
ယခုအချိန်ထိလဲ ဘာဆိုဘာမှထိရောက်တဲ့အလုပ်တွေနဲ့သက်သေမပြနိုင်သေးဘူး။မြန်မာပြည်သူတွေသာ တစ်ယောက်ပြီးတစ်ယောက်သာ အသက်တွေဆုံးရှုံးသွားမယ် စာလေပဲထုတ်လိုက် အပြောလေးနဲ့ပဲ ရှုံးချလိုက်နဲ့ မြန်မာပြည်သူတွေနဲ့ တစ်သားတည်းပါဆိုတဲ့ စကားလုံးလေးနဲ့ နှစ်သိမ့်နေခဲ့တာ ၂နှစ်ပြည့်တော့မယ်။
ဒီ၂နှစ်ဆိုတဲ့ ကာလလေးမှာလဲ ဆုံးရှုံးသွားရတဲ့ အိမ်တွေ ရွာတွေ ပေးဆပ်လိုက်ရတဲ့အသက်တွေက သူတို့ရဲ့အပြောလေးအောက်မှာ အားလုံး ဗလာနတ္ထိဖြစ်ကုန်ပြီး။ဘယ်အချိန်မှ မြန်မာပြည်သူတွေကို ကြည့်မှာလဲ ဘယ်အချိန်မှ ကူကြကယ်ကြမှာလဲ ဒီအတိုင်လေးပဲ ထိုင်ကြည့်ရုံသက်သက်ပဲလားကွာ။
ထိုကြည့်ရုံသက်သက်ပဲဆိုရင်တော့ ဘာမှလဲ စာတွေထုတ်ပြမနေပါနဲ့ ဘာမှလဲ ရှုတ်ချမနေပါနဲ့ ဘာမှလဲ မတောင်းဆိုကြပါနဲ့ ဘယ်သူ့ဘက်မှလဲ ဘာဖြစ်တယ် ညာဖြစ်တယ်လို့ မပြောကြဘဲ ပွဲကြည့်စဥ်ကနေပဲ ဒီအတိုင်လေးပဲထိုင်ကြည့်နေလိုက်ပါ။ဒါဆိုရင်တော့ အဆင်ပြေပါတယ်။
ကလေးတစ်ယောက်လို အချိူလေးကျွေးပြလိုက် အပျော်လေးတွေလာပေးလိုက်နဲ့ ပြီးရင် တိတ်ဆိတ်ပြီးတော့ ထိုင်ကြည့်နေခဲ့တယ်။ကလေးကငိုပြန်တော့ တဖန် အချိူလေးလာကျွေးလိုက် အပျော်လေးတွေ လာပေးလိုက်နဲ့ တော်တော်လဲ လူကြီးလူကောင်းတွေပါပဲ။ Human Right Human Right နဲ့ပါးစပ်ကသာ ပြောနေတာ ဘာမှသောက်သုံးမကျတဲ့ အဖွဲ့အစည်းပဲဆိုတာ နားလည်သွားတယ်။
@kaunglay2
22:00PM
!MEME
Credit: free.game
Earn Crypto for your Memes @ hiveme.me!