ရုရှားရဲ့ တရက် ၁၀သန်းတန် ဓာတ်ငွေ့မီးရှို့မှု
ကမ္ဘာတစ်လွှာမှာ စွမ်းအင်းသုံးစွဲမှု စျေးတွေတက်လာနေတဲ့အချိန်မှာတော့ ရုရှားကနေ ဝယ်ယူမှုတွေ နိုင်ငံတကာက ဆန်ရှင်းလုပ်ခံနေရတော့ ရုရှားက တစ်ရက်ကို ဒေါ်လာ ၁၀သန်းလောက် တန်ကြေးရှိနေတဲ့ သဘာဝဓာတ်ငွေ့တွေကို မီးရှို့ဖြတ်စီးနေပါတယ်။
ရုရှားအနေနဲ့ အရင်ကတော့ ထိုဓာတ်ငွေ့တွေက ဂျာမနီနိုင်ငံကို တင်ပို့ပေးနေတာဖြစ်တယ်လို့သိရပါတယ်။အခုတော့ ရုရှားအနေနဲ့ သူ့ဓာတ်ငွေ့တွေကဘယ်ကိုမှ ရောင်းမရတော့ အခုလိုမီးရှို့ပစ်နေတာပါ။
Rystad Energy ရဲ့ စုံစမ်းမှုအရ ရုရှားအနေနဲ့ ပေါ်တိုဗာယာမှာ ရှိနေတဲ့ သဘာဝဓာတ်ငွေ့စက်ရုံကနေ တရက်ကို သဘာဝဓာတ်ငွေ ကုဗမီတာ ၄.၃၄သန်းလောက်ကို မီးရှို့နေရတယ်လို့ သိရပါတယ်။ပေါ်တိုဗာယာကနေ ဂျာမနီကို ဓာတ်ငွေ့တင်ပို့ဖို့အတွက် ပင်လယ်ရေအောက်ကနေပြီးတော့ Nord Stream 1 ပိုက်လိုင်းအစ စက်ရုံအနီးမှာ တည်ရှိနေပါတယ်။
ထိုစက်ရုံက ပြီးခဲ့တဲ့ ဇူလိုင်လလယ်က စပြီးတော့ ဓာတ်ငွေ့တင်ပို့မှုတွေလျော့ကျလာခဲ့တယ်၊ရုရှားအနေနဲ့ကတော့ ထိုကိစ္စက စက်ချွတ်ယွင်းမှုကြောင့်လို့ ပြောပေးမယ့် ဂျာမနီအနေနဲ့ကတော့ ဒီကိစ္စက ရုရှားအနေနဲ့ ယူကရိန်းကို ကျူးကျော်ပြီးတဲ့နောက်ဆက်တွဲ နိုင်ငံရေးကစားကွက်ပဲဖြစ်တယ်လို့ ဆိုထားပါတယ်။
သိပ္ပံပညာရှင်တွေအနေနဲ့ကတော့ ဓာတ်ငွေ့မီးရှို့ခြင်းကြောင့် ထွက်လာတဲ့ ကာဗွန်ဒိုက်အောက်ဆိုဒ်တွေနဲ့ အညစ်အကြေးတွေကြောင့် အာတိတ်မှာ ရေခဲပြင်အရည်တွေပျော်နေတဲ့ ကိစ္စတွေ ပိုဆိုးလာမှာကို စိုးရိမ်နေကြပါတယ်။
@kaunglay2
22:20PM
!MEME
Credit: memess
Earn Crypto for your Memes @ hiveme.me!