ယူကရိန်းနဲ့ရုရှားရဲ့ သတင်း

avatar
(Edited)

ရုရှားဘက်ကနေ မတ်လဆန်းတုန်းက တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နျူကလီးယားစက်ရုံကို ပြီးခဲ့တဲ့ ရက်တွေတုန်းက ယူကရိန်းဘက်ကနေပြီးတော့ ထိုစက်ရုံကို သုံးကြိမ်တိုင် စုစုပေါင်း အမြောက် ၁၇လုံးနဲ့ပစ်ခက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးက စွပ်စွဲပြောဆိုထားပါတယ်။

ရုရှားအနေနဲ့ ယူကရိန်းအမြောက် ၄ လုံးလောက်က နျူကလီးယးရဲ့ အထူးအဆောက်အအုံပေါ် ကျတယ်လို့ ပြောဆိုထားပြီး ထိုအေဆောက်အအုံမှာ အမေရိကန်Company ရဲ့ နျူကလီးယား လောင်စာတောင့် ၁၆၈ ခုထားရှိတဲ့ အဆောက်အအုံပါလို့ ရုရှားကာကွယ်ရေးဝန်ကြီးက ပြောသွားခဲ့တာနဲ့ပတ်သတ်ပြီးတော့ သီး​​ခြားလွှတ်လပ်တဲ့ အဖွဲ့အစည်းတခုခု အတည်ပြုချက်ကတော့ မရှိသေးပါဘူး။

ယူကရိန်းဘက်ကနေပြီးတော့ ဆန္ဒအလျောက်တိုက်ပွဲဝင်ချင်သူတွေကို ချက်ချင်ညှာတပ်က ယူကရိန်းမြို့တော်အနီးမှာ စစ်သင်တန်ပေးပြီးတော့ လေ့ကျင့်ပေးတော့မှာပဲဖြစ်ပါတယ်။အဲစစ်သင်တန်ပေးပြီးတာနဲ့ ယူကရိန်းဘက်ကနေပြီးတော့ ရုရှားကို ဝင်ကူတိုက်ပေးကြမှာဖြစ်ပါတယ်။

ထိုတပ်ရဲ့ကိုယ်စားလှယ်တစ်ဦးက ရုရှားအနေနဲ့ ကျူးကျော်စစ်ကို ရပ်ရမယ့်အချိန်မှာ ရပ်အောင်မလုပ်နိုင်ရင် ရုရှားအနေနဲ့ ဘယ်တော့မှရပ်မှာမဟုတ်ဘဲ ကံမကောင်းအကြောင်းမလှစွာ ပြောရင်တော့ ရုရှား လူထုက ရုရှားအစိုးရရဲ့ ပေါ်လစီတွေကို အားပေးထောက်ခံနေကြတုန်းလို့ ပြောသွားခဲ့ပါတယ်။

အရင်တုန်းက အခုလိုမျိူး စစ်ရာဇဝင်မှုတွေ ရုရှားက ကျူးလွန်ခဲ့တာမျိူးတွေကို ကြုံဖူးသိဖူး ခံစားဖူးတဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်က အခု ယူကရိန်းခံစားနေရတဲ့ ခံစားမှုမျိူးကို သူ့အနေနဲ့ ကောင်းကောင်း နားလည်းပါတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
@kaunglay2
22:40PM



0
0
0.000
2 comments