ယူကရိန်းရဲ့ထိုးစစ်

avatar

ရုရှားတပ်တွေကို ယူကရိန်းအနေထိုးစစ်တွေပြန်လည်စတင်ပြီးတော့ ရုရှားတွေသိမ်းပိုက်ထားတဲ့ မြို့ကြီးတွေကို ပြန်လည်သိမ်းယူဖို့အတွက် ကြိုးပမ်းလျှက်ရှိနေပါတယ်။လာမယ့်ရက်ပိုင်အတွင်းမှာ အရင်ကနဲ့မတူတဲ့ နည်းဗျူဟာတွေနဲ့ အသုံးပြုသွားမယ်ဖြစ်ပြီးတော့ ဒရုန်းတွေနဲ့တိုက်ခိုက်မယ့်အစီအစဥ်လဲ ပါဝင်ဦးမှာပါလို့ ယူကရိန်းစစ်တပ်ရဲ့ ထိပ်တန်းအရာရှိတွေဆိုထားပါတယ်။

ယူကရိန်းစစ်ပွဲဟာ အမြောက်တွေကိုအားထားတဲ့စစ်ပွဲတစ်ခုပါ၊ယူကရိန်းအနေနဲ့ ရုရှားတပ်တွေရဲ့တည်နေရာတွေကို ဒရုန်းအကူအညီဖြင့် ပစ်မှတ်တွေကို အမြောက်တပ်တွေကိုပို့ပြီးတော့ တိုက်ခိုက်နေပါတယ်။ရုရှားကြောင့် ယူကရိန်းရဲ့ဒရုန်းထိန်ချူပ်မှုကနေ လွှတ်ထွက်သွားခဲ့ပါတယ်။ယူကရိန်းအနေနဲ့က ဒီစစ်ပွဲအတွက် ဒရုန်းတင်မကပဲ အသက်ပေးဖို့အထိ ခံယူထားပါတယ်။

ယူကရိန်းစစ်တပ် ဗိုလ်ချူပ်ရဲ့ ပြောပြချက်အရ ပြီးခဲ့တဲ့ရက်ပိုင်အတွင်းက ခါဆွန်မြို့မှာရှိနေတဲ့ ရုရှားရဲ့ လက်နက်တိုက်တွေ ထိန်းချူပ်ရေး စင်သာတွေနဲ့ မဟာဗျူဟာမြောက်တဲ့နေရာတော်တော်များများကိုတိုက်ခိုက်ဖြတ်စီးနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

ထိုဗိုလ်ချုပ်အနေနဲ့ ခါဆွန်မြို့မှာကို ပြန်လည်ရယူနိုင်ဖို့အတွက် ယုံကြည်နေပါတယ်။ဒါကြောင့်လဲ ယူကရိန်းစစ်တပ်က ဒရုန်းတွေတင်မကပဲ စစ်သည်တွေပါ လိုအပ်ရင် အသက်ပေးထားဖို့အတွက် ခံယူထားခဲ့ပါတယ်။
@kaunglay2
22:40PM



0
0
0.000
2 comments