ကချင်ပြည်နယ် ပူတာအို မူလာရှီးဒီး အကြောင်း စဥ်းစားခန်း (၁)
Hive myanmar အဖွဲ့သားများအားလုံးမင်္ဂလာပါ
ဒီနေ့တော့ ပုံတွေကြည်းရင်းနဲ့ 2010 က ကချင်ပြည်နယ် ပူတာအို သွားတုန်းက ပုံလေးတွေ ပြန်တွေ့လို့ သတိရသွားတယ်။
အလုပ်ကိစ္စဖြင့် လေယာဥ်စီး၍ ရန်ကုန်မှပူတာအိုသို့ ၄နာရီလောက် စီးရသည်။ မန္တလေးနှင့် မြစ်ကြီးနားမှာ တခေါက် နားပြီးရာသီဥတု အခြေအနေ ကောင်းပြီ ဆိုမှ ပူတာအို သို့ ခရီးဆက်ရသည်။ ပူတာအို သို့ ရောက်ရင်ဖြင့် မြူများ၍ လေယာဥ်ကွင်း ပျောက်နေတက်သည်။
ထိုအချိန်များတွင် မြစ်ကြီးနား သို့ ပြန်ဆင်း၍ တခေါက်နားရပြန်သည်။ မြူများ ကင်းရှင်းမှ ပူတာအိုသို့ခရီး ဆက်ရသည်။
ပူတာအို သို့ရောက်ရင်ဖြင့် ဆိုဒ်တာဝန်ခံ မှလာကြိုသည်။ တာဝန်ခံ သည် တော်တော်လေး ဖော်ရွေသည် ။ ခရီးရောက်သည်နှင့် အကိုတို့ဘာ စားမလည်း မြန်မာအစားအစာ ကချင် ရိုးရာအစားအစာ ဘာစားမလည်း မေးမြန်းသည်။ ကချင်ရိုးရာ အစားအစာများတွင် ရေစိမ် ခေါက်ဆွဲနှင့်ကချင်ရိုးရာ အရက်ကိုကြိုက်သည်။ စားသောက်ပြီး ၍ ကျွန်တော်တို့ အလုပ်ရှိရာ မူလာရှိးဒီး သို့ ကားဖြင့် ၄၅ မိနစ်လောက် ဆက်လက် သွားရပြန်သည်။
မူလာရှိးဒီး ဂျစ်ကား ကြိုးတံတား ကိုဖြတ်ချိန်တွင် အသည်းများ ယားနေသည်။ ထိုတံတားဖြတ်ကျော်ပြီးမှ ကျွန်တော်တို့ အလုပ်ရှိရာ စိုက်ခင်း ဟိုတယ်သို့ ရောက်ရှိခဲ့သည်။ ခရီးရောက်ဆိုက် နားနေတုန်း လှည့်ပတ်ကြည့်ရှုရင်း မူလာရှီးဒီး ချောင်း မှာ ကျွန်တော်တို့ အဖွဲ့များ ရေချိုးကြသည်။ ချောင်းရေသည် ကြည်လင်ပြီး အေးစိမ့်နေသည်။ ချောင်းအတွင်းသို့ မည်သူမှ မဆင်းရဲ ကချင် ရိုးရာ အရက် သောက်ပြီးမှ သာ ရေချိုးရဲကြသည်။😃
ရန်ကုန်မှ ကားဖြင့် တင်ပေးလိုက်သော ပရိဘောဂ ပစ္စည်းများ သည် ကချင်ပြည်နယ်ပူတာအိုသို့ ရောက်ရန် တစ်လ မှ သုံးလ လောက် အထိ ကြာတက်သည်။ လမ်းပန်းဆက်သွယ် ရေးမကောင်းမွန် သောကြောင့် ဖြစ်သည်။ပစ္စည်းများရောက်မှသာ ကျွန်တော်တို့ အဖွဲ့ စပြီးခရီးထွက်ကြသည်။
ပစ္စည်းများရောက်၍ ကျွန်တော်တို့ အဖွဲ့များလုပ်ငန်း အသီးသီးတို့ ဝင်ရောက်လုပ်ကိုင်ကြသည်။ ညနေပိုင်း အလုပ်သိမ်း ချိန်ပြီးသည် နှင့် လဘက်ရည် ဆိုင်နှင့် အရက်ဆိုင်များသို့သွားသူများလည်းရှိသည်။
ထိုအချိန်တွင် ကျွန်တော်သည် ကွမ်းယာ ဆိုင် ကို အဓိက ထား၍ ရှာသည်။ ရှားရှားပါးပါး တစ်ဆိုင်တွေ့သည်။ ရဝမ် တိုင်းရင်းသား အကို တစ်ယောက် ဖွင့်ထားသောဆိုင်ဖြစ်သည်။ ထိုဆိုင်တွင် ရိုးရာအစားအစာနှင့် သောက်စရာ အစုံအလင်ရှိ သည်။ ထိုအရပ်ဒေသတွင် ရဝမ်နှင့် လီဆူး တိုင်းရင်းသား နှစ်မျိုးသာ နေထိုင်ကြသည်။
ကျွန်တော်တို့ ရန်ကုန်လို မဟုတ် အစားအသောက် ရှားပါးသည်။ လေယာဥ် ဆိုက်ရောက်မှ ပစ္စည်းများ ပါလာတက်သည်။ ထိုလေယာဥ် သည် တစ်ပတ်တွင် ၁ကြိမ် ၂ကြိမ် သာ ဆင်းသည်။ ၁၂ လရာသီ မိုးများရွာသွန်းသော နေရာဖြစ်၍ ရာသီဥတု ဆိုးရွားပါက မှာထားသည့်ပစ္စည်းများ ကျန့်ကြာ တက်သည်။
ကျွန်တော်တို့အဖွဲ့ ရောက်သွားသည့် လသည် အောက်တိုဘာလ သီတင်းကျွတ်လရာသီ အချိန် တွင် ရောက်ရှိသွားသောကြောင့် မူလာရှီးဒီး ချောင်းတွင် မီးများ မျှော သည် ကို ဝိုင်းကြည့်ကြသည်။ ထိုအရပ်ဒေသတွင် ဗုဒ္ဓဘာသာ လူမျိုးများမရှိပါ။ အများဆုံးမှာ ခရစ်ရှန် ဘာသာဝင်များသာ အများဆုံးနေထိုင်ကြသည်။ ထို့ကြောင့် ဝိုင်း၍ ကြည့်ခြင်းဖြစ်သည်။
ထိုလ အချိန်သည် မက်ကလောင် ပေါသော လဖြစ်သည်။ ထို့ကြောင့် မဖြစ်အောင် ကာကွယ်ကြရသည်။ မြန်မာ အခေါ်အဝေါ် ကိုယ်ပူကြီးခြင်းဟုခေါ်သည်။
ထိုအရပ်ဒေသ တိုင်းရင်းသားများသည် မက်ကလောင်ခြစ် ထားကြသည်။ မက်ကလောင်ခြစ်ခြင်း အကြောင်းအရာကို ထိုမှတဆင့် ဝင်ရောက်လေ့လာနိုင်ပါသည်-
https://phonesithulwin.info/posts/72
ဆက်ရန်...
အားလုံးကိုအစဥ်အမြဲ လေးစားလျက်
ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်
ကံကောင်းသောနေ့လေးဖြစ်ပါစေ
အားလုံး ကိုယ်၏ကျန်းမာခြင်းစိတ်၏ချမ်းသာခြင်းများနဲ့ပြည့်စုံပါစေ
@kaungsett8388
24.10.2022
!hivebits
Success! You mined 1.0 HBIT on Wusang: Isle of Blaq. | tools | wallet | discord | community | daily <><

And, you found a Blaq Emerald (BLAQEMRLD)!
Check your bonus treasure tokens by entering your username at an H-E explorer or take a look at your wallet.
Read about Hivebits (HBIT) or read the story of Wusang: Isle of Blaq.
!LOLZ !PGM !MEME
အရင်က ခရီးစဥ် အမှတ်တရလေးပေါ့...
Credit: memess
Earn Crypto for your Memes @ hiveme.me!
lolztoken.com
Listen buddy, i'm going to be frank with you.
Credit: reddit
@kaungsett8388, I sent you an $LOLZ on behalf of @uthantzin
Rumor has it The LOLZ Project runs on !PIZZA
(1/1)
I gifted $PIZZA slices here:
@lolzbot(5/5) tipped @uthantzin (x1)
Learn more at https://hive.pizza!