appeal ကနေလွှတ်မြောက်တာလား မလွှတ်မြောက်သေးဘူးလား

avatar

Hive Myanmar အဖွဲ့သားများအားလုံးပဲမင်္ဂလာပါဗျ။စာရေးမယ်လို့ ပြောတဲ့နေ့ကစပြီးတော့ အခုအချိန်စာကို ကောင်းကောင်းမရေးဖြစ်သေးပါဘူး။အခြေအနေအရရော် အလုပ်မအားတာရော် ဖြစ်နေတာနဲ့ အပြောနဲ့အလုပ်ကို ညီအောင်မလုပ်ဖြစ်သေးပါဘူး။

အခုရက်ပိုင် hive watcher နဲ့တိုင်ပတ်နေတာနဲ့ အတော်​​လေးစိတ်ဓာတ်ကျနေပါတယ်။တခြားတစ်ဖက်ကကြည့်ပြန်ရင်လဲ ဒါဟာ ကောင်းမွန်တဲ့အရာလို့ပဲမြင်မိပါတယ်။Hive ရဲ့ project တွေအမှန်တကယ်လုပ်လာခဲ့ပြီးလို့ ဆိုရပါလိမ့်မယ်။

Game creator တွေဟာလဲ game post တွေကို အရင်လို ပေါ့ပျက်ပျက်post တွေကိုလဲ support ပေးခြင်းမျိူးမရှိတာကိုလဲ တွေ့မြင်ရပါပြီး။တကယ့်ကိုအရေးအသားနဲ့ ကောင်းမွန်တဲ့ post တွေလောက်သာ support ပေးခြင်းမျိူးဘက်ကိုသာ ပြောင်းလဲသွားတာကို သတိထားမိပါတယ်။

Hive watcher အနေနဲ့လဲ Game post တွေကို edit လုပ်ပြီးတော့ တင်ခြင်းမျိုးကိုလဲ တကယ့်ကို နှိုက်နှိုက်ချွတ်ချွတ်နဲ့ကို အလုပ်လုပ်လာခဲ့ပြီး။မိမိကိုယ်တိုင်ကလဲ appeal အဆင့်သို့ဝင်ရောက်မှန်းမသိဝင်ရောက်နေတော့ အရင်လို ကျတော်ကိုယ်တိုင်လဲ edit ပုံစံမျိူးနဲ့တင်လို့မရဖြစ်နေပါတယ်။

ကိုယ်အနေနဲ့ကလဲ appe​al ကနေ လွှတ်ငြိမ်းချမ်းသာခွင့်ရှိသွားပြီးလား မရှိသေးဘူးလားဆိုတာလဲ မသိသေးသလို အရင်လို edit နဲ့မလုပ်တော့ဘဲ Game post တွေကို တက်နိုင်သမျှတော့ တခြားလမ်းစဥ်တွေနဲ့ လျှောက်လှမ်းလာခဲ့နောက်ပိုင်တော့ Hive watcher ရဲ့ down vote တွေခုထိတော့မလာသေးတာကို တွေ့နေရပါတယ်။



0
0
0.000
1 comments