အစားလဲဆေး ဆေးလဲအစား

avatar

အခုရက်ပိုင် လူကစာမရေးချင်သလိုဖြစ်နေတယ်။စာမရေးချင်တာထက် ရေးစရာ အကြောင်းအရာတွေမရှိဘူးဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဒီရက်ပိုင်မှာတော့ လူကလဲ ဖျားချင်သလိုဖြစ်နေတယ်။

ဖျားချင်သလို ဖြစ်နေတာ ဒီနေ့နဲ့ဆိုရင်တော့ 3ရက်လောက်ရှိသွားပါပြီး။ ဖျားချင်သလို ဖြစ်တော့ဖြစ်နေတာပါပဲ၊ဒါပေမယ့် ဆေးမသောက်ချင်တာနဲ့ အစားတွေချည်း လိမ့်စားနေပါတယ်။

စကားပုံတစ်ခုကြားဖူးပါတယ် 'အစားလဲဆေး ဆေးလဲအစား' ဆိုတာကိုလေ။ ဒါကြောင့် အစားတွေချည်းစားနေခဲ့တာ ဆေးကို သောက်ကိုမသောက်တော့ဘူး။ ထမင်းဆိုရင်လဲ ဒီနေ့ဆို ခံတွင်းပဲပျက်နေတာလားမသိဘူး။

ထမင်းစားရင် ဟင်းကောင်းပေးမယ့် အရသာ မတွေ့ဘူးဖြစ်နေတာ။ဒီတော့ ဒီနေ့တနေကုန် ရုံးဖွင့်တော့ ရုံးဝန်ထမ်းရဲ့ ပါလာသမျှဟင်းတွေကို ဘုန်းကြီးကျောင်းတွေလိုခေါ်တဲ့ ဟင်းပေါင်းပေါ့၊ အကုန်ထည့်ပြီး နှယ်ပြီးစားပစ်လိုက်တယ်။


image source
ထမင်းနှစ်ချိူင့်စာလောက်ကို စားပစ်လိုက်ပါတယ်။အဲကနေစပြီးတော့ အစားကြောင့်ထင်ပါတယ်။လူကနည်းနည်းလေး အားပြည့်ပြီးတော့ နေလို့ထိုင်လို့ကောင်းလာတယ်။ညနေရောက်တော့ ဘာဘယ်တီး တစ်ဗူးလောက် ဝယ်သောက်လိုက်တယ်။

အခုညရောက်တော့လဲ စိတ်ကနည်းနည်းလေးတော့ စားချင်စိတ်ကမရှိဘူးဖြစ်နေတယ်။အိမ်ကလဲ ငံပြာရည်ချက်ရယ် ချဥ်ပေါင်ဟင်းရည်ရယ် မြင်တာနဲ့ ဘာဟင်းမှ မထည့်ဘဲ ငံငြာရည်ချက်နဲ့ပဲ နှစ်ပန်းကန်လောက်စားလိုက်တယ်။

တစ်ခါတစ်လေးတော့လဲ ဖျားချင်တဲ့အနေအထားတစ်ခုမှ အဲလိုလေးစားချင်းတဲ့စိတ်ရှိရင် စားလိုက်တာပါပဲ။ဖျားချင်နေတော့ လူမမာစား စားလိုက်ရင်ကို အဖျားကတိုးသွားတယ်။ အပေါ်ကလိုလေး စားလိုက်ရတော့ ချွေးလည်ထွက်သလို အဖျားကို အစားနဲ့ ကုလိုက်သလို ဖြစ်သွားခဲ့တယ်။

မိတ်ဆွေတို့ရော် အဲလိုဖြစ်ဖူးလား၊တခါတလေ ဖျားချင်သလို ဖြစ်တဲ့အခါ ဆေးခန်းတွေပြတာထက် အဲလိုစားချင်တဲ့စိတ်ရှိ​တဲ့အခါ စားပေးလိုက်တာ အကောင်းဆုံးလို့ ထင်တယ်။ကျတော်ကတော့ ဆန်ပြုတ်ကို သောက်ရတာ ဘဝမှာ အမုန်းဆုံးပဲ။

@kaunglay2
23:00PM



0
0
0.000
7 comments
avatar

ကျုပ်တို့တော့ ပူပူနွေးနွေး အရည်လေးနဲ့ ကြေးအိုးလိုဟာ စားပစ်တာပဲ။
!LOLZ

0
0
0.000