အစ္စရေးနှင့်ပါလက်စတိုင်းနောက်ဆုံးရသတင်း
အစ္စရေးအနေနဲ့ ဟားမက်စ်လက်နက်ကိုင်တွေကို ဂါဇာမြောက်ပိုင်ဘက်ကို မြေပြင်ထိုးစစ်ကြီးအတွက် ပြင်ဆင်နေခဲ့တာ ကြာခဲ့ပါပြီး။ပြီးခဲ့တဲ့ စနေနေ့က အစ္စရေးဖက်ခြမ်းကို ဟားမက်စ်လက်နက်ကိုင်တွေအနေနဲ့ ဝင်တိုက်တဲ့အချိန် အပြစ်မဲ့ပြည်သူထောင်ချီလောက် သတ်ဖြတ်ခဲ့ပြီးနောက်မှာ ထိုးစစ်ကိုပြင်ဆင်ခဲ့တယ်။
အစ္စရေးအနေနဲ့ ဂါဇာမြောက်ပိုင်နေတချိူ့ကို အကန့်အသန့်ဝင်ရောက်တိုက်ခိုက်ခြင်းဟာဆိုရင်ဖြင့် နယ်မြေတွေကို သိမ်းပိုက်ခြင်းမဟုတ်ဘဲ ဓားစားခံတွေကို ဘယ်မှာထိန်းသိမ်းဖမ်းစီးထားလဲဆိုတာကို သိရဖို့အတွက် သတင်းအချက်အလက်တစ်ချိူ့အတွက်လို့ ဆိုထားပါတယ်။
ဟားမက်စ်ရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၃၀၀ ကျော် သေဆုံးတာနဲ့ပက်သက်ပြီးတော့ အစ္စရေးအနေနဲ့ ဂါဇာပြည်နယ်ကို အပြင်းထန်ဆုံးဗုံးကျဲလို့နေပါတယ်၊ထိုကိစ္စနဲ့ပက်သက်ပြီးတော့ ပါလက်စတိုင်းရဲ့ ကျန်းမာရေးဌာနဘက်က အစ္စရေးရဲ့ဗုံးကျဲမှုကြောင့် ပါလက်စတိုင်း သေဆုံးခဲ့တဲ့အရေအတွက်ဟာဆိုရင်ဖြင့် ၂၂၀၀ ကျော် လောက်ထိရှိသွားပြီးလို့ ဆိုထားပါတယ်။
image link
ပါလက်စတိုင်း တွေကို အစ္စရေးအနေနဲ့ ဂါဇာမြောက်ပိုင်ကနေ ထွက်သွားဖို့ ပြောနေပေးမယ့်လဲ ပါလက်စတိုင်းအပြင် ပါလက်စတိုင်းရဲ့ ဆေးဝါထောက်ပံရေး ဂါဇာတာဝန်ခံအနေနဲ့ကလဲ ဆက်လက်နေဖို့လဲ ရှိလို့နေပါတယ်။တချိူ့ဘဝတွေက အတော်ကိုဆိုးနေသလို တစ်ဖက်နဲ့တစ်ဖက်အခြေအနေကလဲ တင်းမာလို့နေပါတယ်။
ဂါဇာပြည်နယ်မှာရှိနေလူတချိူ့ဟာဆိုရင်ဖြင့် အစ္စရေးအနေနဲ့ ထွက်သွားခိုင်းတဲ့နေရာတွေမှာလဲ ထွက်သွားခြင်းမရှိတာတွေလဲ ရှိလို့နေပါတယ်။သူတို့အနေနဲ့ကလဲ ဂါဇာပြည်နယ်က ဘယ်နေရာမဆို လုံခြုံခြင်းမရှိတော့တဲ့အတွက်ကြောင့် ထွက်သွားခိုင်းမှုကို အံတုရင်ဆိုင်လို့နေပါတယ်။ဂါဇာပြည်နယ်ကို အစ္စရေးအနေနဲ့ အပြင်းထန်ဆုံးဗုံးကြဲခဲ့ပေးခြင်းဖြစ်ပါသော်လည်း ဒါကအစပဲရှိသေးတယ်လို့ အစ္စရေးဝန်ကြီးက ဆိုထားပါတယ်။
ဂါဇာမြောက်ပိုင်းရှိနေတဲ့ လူအားလုံးကို ထွက်သွားဖို့အတွက် အစ္စရေးရဲ့ပေးထားတဲ့ အချိန် ၁ရက်ဟာ ဆိုရင်ဖြင့် ဂါဇာပြည်နယ်မှာ အဓိကလှုပ်ရှားနေတဲ့ ကုလအေဂျင်စီအဖွဲ့(UNRWA) ပြောခွင်ရရှိသူ ဂျူးလီယက်တိုမာ ကတော့ ထိုပေးထားအချိန်၁ရက်ဟာ ဂါဇာမြောက်ပိုင်းကနေ လူသားအားလုံးထွက်သွားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုထားပါတယ်။
!MEME
Credit: pepetoken
Earn Crypto for your Memes @ HiveMe.me!