ကံကောင်းလို့ သေကံမရောက်
မနေ့ညကတည်းက ဆောင်းပါးရေးဖို့အတွက်စတင်တုန်းရှိပါတယ်၊ဖုန်းအဝင်call ဝင်လာခဲ့တယ်။ အစ်မဖုန်းကနေတစ်ဆင့်သိလိုက်ရတာက သူ့ယောကျ်ား ဆိုင်ကယ် မတော်တဆမှုဖြစ်လို့တဲ့ အချိန်က 10:30PM လောက်ရှိနေခဲ့ပါပြီး။
ဖြစ်တဲ့နေရာကလဲ သိပ်မဝေးလှပါဘူးဗျာ၊အရှေ့နဲ့အနောက်ပါပဲ၊ကိုယ်နေတာက အနောက်ဘက် သူဖြစ်တာက အရှေ့ဖက်မှာပါ။ထုံးစံအတိုင်းပါပဲ ဒီခေတ်ကြီးက ညဆိုထွက်ရတာအဆင်လုံးဝကိုမပြေတဲ့အနေအထားတစ်ခုပါပဲ။ဒါပေမယ့်လဲ သေရေးရှင်ရေးဆိုတော့လဲ မတတ်နိုင်ပါဘူး။
အိမ်ကနေ ယောကျာ်းလေးတစ်ယောက်တည်းထွက်တော့ ကိုယ်တော်ချောလေးတွေ ညဆို အစစ်အဆေးကကြမ်းတော့ အိမ်ကလူကြီးနှစ်ယောက်လောက်ခေါ်သွားခဲ့ပါတယ်။ထင်တဲ့အတိုင်ပဲ ထိပ်တိုက်တွေ့တော့ ရပ်ဆိုရပ်လိုက်ရပါတယ်။လူကြီးတွေမြင်မှ ကိုယ်တော်ချောလေးတွေက ဘာမှမမေးတော့ဘဲ သွားခိုင်းပါတယ်။
ဖြစ်ချင်တော့ အခင်းဖြစ်တဲ့နေရာမှာ လူနာကမရှိတော့ပဲ အရေးပေါ်ဌာနကိုပဲ လာလိုက်တော့လို့ လူမူကူညီတဲ့သူဖုန်းဆက်လာခဲ့တော့ ပိုနီးသွားခဲ့ပါတယ်။လူမူကူညီတဲ့လူတွေကလဲ လူနာမှာပါတဲ့ ဖုန်း၊အိတ်တွေကို လူနာရှင်တွေဆီတစ်ခုချင်စီပြန်အပ်ပေးခဲ့ပါတယ်။
လူနာကတော့ တော်တော်ကံကောင်းတယ်လို့ပြောရပါမယ်။ ဘာမှကြီးကြီးမာမာကြီးမဖြစ်သွားသလို အသက်အန္တရာယ်ကလဲ စိုးရိမ်စရာမရှိတဲ့အနေအထားလို့သိရပါတယ်။ဓာတ်မှန်အဖြေကလဲ ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်တော့ စိတ်အေးသွားတာအမှန်ပါပဲ။
ဆရာဝန်တွေကတော့ အိမ်ခေါ်သွားချင်ရင်ခေါ်သွားလို့ရမယ်လို့ပြောပါတယ်။လူနာကခေါင်းကွဲဒဏ်ရာနဲ့ ထိတာ ရှတာလောက်ပဲရှိပြီးတော့ ဘီယာအသောက်လွန်ပြီးတော့ အန်တာလား ဆိုတာ ဝေခွဲမရဖြစ်နေတယ်၊နောက်ပြီးတော့ နှာခေါင်းသွေးလဲ ယိုနေတာက တစ်ကြောင်း OPT မှာတင် အားလုံးပြီးတော့ အချိန်ကလဲ 3:00AM ထိရောက်သွားတော့ ဆေးရုံတင်ဖို့အတွက် ဆုံးဖြတ်လိုက်တယ်။
!MEME
Credit: ieronimus
Earn Crypto for your Memes @ HiveMe.me!