လမ်းပေါ်တင်ပေးလိုက်တယ်လို့ မှတ်ယူထားပါတယ်
အားလုံးပဲမင်္ဂလာပါဗျ။Hive myanmar community စာရေးဖို့အတွက် အားစထည့်ပါပြီး။လူကသာ အားထည့်ပြီးလို့ပြောထားရတာ တစ်ရက်နဲ့တစ်ရက်ကို ဘာအကြောင်းအရာကို ရေးရမယ်မှန်းမသိသေးတာ အမှန်ပါပဲ။
စာကိုပုံမှန် မရေးဖြစ်တာနဲ့ပဲ စာပြန်ရေးတဲ့အခါမှာအခက်တွေ့နေပါတယ်။စိတ်ကသာ စာရေးဖို့အတွက်ရှိနေပါသော်လည်း လက်ကနေစာရေးဖို့အတွက်ကတော့အဆင်သင့်ကိုရှိမနေတာကို ခံစားနေရပါတယ်။
ကြားကာလထဲမှာလဲ စာရေးဖို့အတွက်ပျင်းနေတာနဲ့ပဲ community တစ်ခုမှာ edit လုပ်ရင် လုပ်ရင်နဲ့ အကောင့်ပါပျက်လုနီးနီးအခြေအနေတစ်ခုကိုရောက်ရှိလို့သွားခဲ့ရပါတယ်။ထိုအတွက်နဲ့ပဲ appeal အဆင့်မှာရင်ဆိုင်နေရတယ်။
ထိုappeal မှာလဲ ဘယ်လိုပုံစံနဲ့ appeal ကိုရင်ဆိုင်ရမလဲဆိုတာကိုလဲ ကွဲကွဲပြားပြား ရေးမထားသည်ကိုလဲ ဖတ်မိပါတယ်။ဘယ်လိုပဲဖြစ်နေပါစေ၊အခုဖြစ်တဲ့ပြဿနာကလဲ ကိုယ်ကိုကိုယ်ပဲအပြစ်လို့ခံယူလိုက်ပါတယ်။
အဲအပြစ်ကတော့ စာမရေးချင်းတာနဲ့စာရေးရမှာကို ပျင်းနေတဲ့အပေါ်မှာ ကိုယ်ကိုကိုယ်ပဲ သက်ဆိုင်တယ်လို့ပဲ ခံယူလိုက်ပါတယ်။အခုတော့ စာရေးပျင်းနေတဲ့ လူတစ်ယောက်ကို Hive ကနေ စာရေးဖို့အတွက် လမ်းပေါ်ကိုတင်ပေးလိုက်တယ်လို့ပဲ မှတ်ချက်ပြုလိုက်ရပါတယ်။
!MEME