မကြုံစဖူး ကြုံခဲ့ရတယ်

avatar

ဒီနေ့မှာတော့ ရုံးကိစ္စတစ်ခုနဲ့ မသွားချင်တဲ့နေရာကို သွားခဲ့ရတယ်။ရုံးကိစ္စဆိုတော့လဲ မဖြစ်မနေမို့သွားခဲ့လိုက်ရတယ်။ရုံးအနေနဲ့ကလဲ မဖြစ်မနေမို့ သွားရမယ့်ကိစ္စဖြစ်နေလို့သာ မချစ်တော့လဲ အောင့်ကာနမ်းပေါ့။

အစကတော့ ကိုယ်ထက်အရင် တခြားလူကို အရင်ခိုင်းတာ အဆင်မပြေခဲ့လို့ အခုတော့ ကိုယ်ကို တာဝန်ပေးခဲ့ပြီးဆိုတော့လဲ ပြီးမြောက်အောင် လုပ်ဖို့အတွက် ကိုယ်လဲ ရုံးကနေဆိုင်ကယ်စီးပြီးထွက်ခဲ့လိုက်ပါတယ်။

company ကနယ်ပြောင်းသွားခဲ့တော့ အရင်ဖွင့်ခဲ့တဲ့နယ်မှာ company ပိတ်သိမ်း​ကြောင်းတင်ဖို့အတွက် သက်ဆိုင်ရာဌာနမှာ စုံစမ်းပြီးတော့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ လိုက်စုရပါတော့တယ်။ဆိုတော့ မြို့နယ်မှာရှိတဲ့ ရပ်ကွက်အုပ်ချူပ်ရေးမှူးရဲ့ ပိတ်သိမ်းကြောင်း ထောက်ခံစာ သွားတောင်းရတယ်။


image link
အစကတော့ ထိုရပ်ကွက်အုပ်ချူပ်ရေးမှူးက မရှိတာလား ဘာလားဆိုတာ အရင်လူကတစ်ဝက်တစ်ပျက်နဲ့ထားခဲ့တော့ ကိုယ်လဲမရှိဘူးဆိုပြီးတော့ ဌာနမှာ ပြောပြပြီးတော့ ထိုလူမရှိရင် မြို့နယ်အုပ်ချူပ်ရေးမှူးရုံးသွားပြီးတောင်းလိုက်ပါဆိုတော့ ကိုယ်လဲထိုနေရာသွားခဲ့ပါတယ်။

ထိုရုံးကိုရောက်တော့ကိုယ်တော်ချောတွေကဘာလာလုပ်တာလဲမေးတော့ အကျိူးအကြောင်းပြောပြပြီးတော့ စာအုပ်မှာလက်မှတ်ထိုးမှတ်ပုံတင်ပြပြီးမှပေးဝင်ပါတယ်။ထိုရုံးကလူတွေကလဲ သူတို့က ထောက်ခံချက်ရေးဖို့က သူတို့အလုပ်မဟုတ်ဘူး ရပ်ကွက်အုပ်ချူပ်ရေးမှူးနဲ့ချိတ်ဆက်ပေးပြီး​​ပြန်ထွက်လာခဲ့ပါတယ်။

ကိုယ်တော်ချောတွေက အပြန်လက်မှတ်လဲထိုးပြီးတော့ ညီလေးအကိုတို့ကို စာအုပ်ဖိုးပေးခဲ့ပါဦးတဲ့ ကျွန်တော်လဲ ကြောင်သွားပါတယ်၊ကိုယ်လဲ ဘာစာရွက်မှလဲ မရခဲ့ဘူးဆိုတော့ ဘာအတွက်တုန်လို့ မေးလိုက်တော့၊ စာအုပ်လက်မှတ်ထိုးတဲ့ စာအုပ်ဖိုးကို စေတနာရှိသလောက် ပေးပါတဲ့။

အစကတည်းက မလာချင်တဲ့နေရာ မတွေ့ချင်တဲ့လူတွေနဲ့တွေ့ရပြီးတော့ စိတ်ကမကြည်ရတဲ့အထဲ ပိုက်ဆံလာတောင်းတာနဲ့တိုးနေရော်၊ဒါနဲ့ပဲ ကျတော်မှာလောလောနဲ့ထွက်လာခဲ့တာ ပိုက်ဆံကျန်နေခဲ့တယ်ဆိုပြီးတော့ မပေးချင်တာနဲ့ လိမ်ပြောပြီးထွက်ခဲ့လိုက်ပါတယ်။

@kaunglay2



0
0
0.000
9 comments
avatar

ကိုယ်က လက်မှတ်လည်း ထိုးရသေး ပိုက်ဆံလည်း ပေးရသေးပေါ့။ ခေတ်... သူတို့ တောင်းစားတဲ့ ခေတ်ကိုးလို့ !PIZZA

0
0
0.000
avatar

အပြောကိုတော့ သဘောကျသဗျို့။
ပိုက်ဆံ မပါခဲ့ဘူး ဆိုတော့ တောင်းတဲ့သူတွေ
အောင့်သွားမှာ။
!LOLZ
!MEME

0
0
0.000