ဆက်လုပ်စရာရှိတာ လုပ်နေဦးမှာပါ

avatar

ဒီရက်ပိုင် စာရေးရမှာအတော်လေးပျင်းနေတယ်။ပျင်းနေရတဲ့အထဲမှာ sever ကလဲ လေးနေတာနဲ့တိုးနေတယ်။server ကလဲ လေးနေရတဲ့အထဲမှာ hive စျေးက ကျပြီးတော့ ထိပ်စီးတောင်ပြောင်းသွားသေးတယ်။

ထိပ်စီးကပြောင်းနေရတဲ့အထဲမှာ game ဆော့ရတာလဲစိတ်မပါဘူးဖြစ်နေတယ်။game post တွေလဲ တင်တာတင်နေရတယ် ကိုယ်တော်ချော foxon က လဲ လာမvote တာ တစ်ပတ်ကျော်ကြာခဲ့ပါပြီးလေ။ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်းမသိပါဘူး။

တခြားသော community မှာစာရေးမယ်ကြံလိုက်တိုင် ကိုယ်မှာက E လို မတတ်တော့ အတော်လေးလဲ စဥ်းစားနေမိတယ်။Game ဆော့ပြီးတင်မယ်လို့လဲ စဥ်းစားနေရတယ်။ဒါပေမယ့် Game post တွေကလဲ E လိုဆိုတော့ ပြန်စဥ်းစားရပြန်တယ်။

အခုတောင် Splinterlands က challenge post တွေက Translate နဲ့ချနေရတဲ့ဘဝဖြစ်နေတယ်။တခုတော့ တွေးမိပါတယ် ဘဝဆိုတာ အမြဲတမ်းအဆင်ပြေချောမွေ့နေတာမျိူးမဟုတ်တော့ အခုဟာကလဲ ဘဝရဲ့တစိတ်တပိုင်မှာပါနေတော့ ခက်ခဲတဲ့ကာလ လို့ပဲ သတ်မှတ်ထားပါတယ်။ဘာပဲနေနေ ရှေ့ဆက်တော့သွားရမှာပဲလေ။ရှေ့ဆက်နေဦးမှာပါ။

@kaunglay2
22:30PM



0
0
0.000
2 comments