ပရိဘောဂတွင် အသုံးပြုသောဆေး Sealer အောက်ခံဆေး!

avatar
(Edited)

Hive Myanmar မှ အဖွဲ့သားများအားလုံး မင်္ဂလာပါ။

ဒီနေ့မှာတော့ ပရိဘောဂတွင်အသုံးပြုသော ဆေး Sealer ခံဆေး
အကြောင်းလေး တင်ပြခြင်ပါတယ်။

Sealer တွင် NCSealar ၊ AC Sealer နှင့် PU Sealer ဟူ၍ (၃) မျိုးရှိသည်။

NC Sealer အသုံးပြုမည်စိုပါက...

Image Credit

အဆင့် (၁)

ပရိဘောဂ အား ကော်ပတ်တိုက်ပြီး အဆင့်အနေထား ရောက်ရှိနေရမည်။ ဖီလာအသုံး ပြုမည့် ပရိဘောဂ အလုံးများကလည်း ဖီလာအဆင့် အနေထားအထိ ရောက်ရှိနေရမည်။ ထိုအဆင့်များပြီးမှ Sealer အောက်ခံဆေး အဆင့် သို့ သွားရမည် ဖြစ်သည်။

သတိပြုရန်။ ။ နှာခေါင်းစည်း/ Mask များအား တပ်ဆင်ပြီးမှ အသုံးပြုသင့်ပါသည်။

အဆင့် (၂)

ပရိဘောဂ အား ပထမဆုံး Sealer ခံဆေး တစ်ထပ် အရင် gunဖြင့်မှုတ်/စုတ်ဖြင့်သုတ် ၍ လုပ်ဆောင်ပေးရမည်။ ထို့နောက်ပရိဘောဂ ပစ္စည်းအား နေလှမ်း၍ မိနစ် ၆၀ မှ ၉၀ ထိ အခြောက်ခံထားရမည်။ ခြောက်သွေ့ပြီစိုပါက Silicon -320ကော်ပတ် အဖြူဖြင့်ချောမွတ်အောင် တိုက်ပေးရမည်။

အဆင့်(၃)

Sealer ခံဆေးအား ထပ်မံ၍ နောက်တစ်ကြိမ် အဆင့် (၂ )အတိုင်း ပြန်လည် လုပ်ဆောင်ပေးရမည်။

ဖီလာသွင်းမည့် ပရိဘောဂများ သည် အပေါ် အဆင့်များပြီးဆုံးပါက လိုက်ကာ (အပြောင်/အမှိန်)ကိုကြိုက်ရာ ပြုလုပ်၍ ပြီးဆုံးနိုင်ပါသည်။

Colour သီးသန့် အသုံးပြုမည့် ပရိဘောဂ များသည် အပေါ်အဆင့်များပြီးဆုံးပါက Sealer Colour တစ်ကုဒ် နှင့် Final Colour တစ်ကုဒ် မှုတ်ပြီး နောက်ဆုံးအဆင့် လိုက်ကာ မှုတ်၍ ပြီးဆုံးနိုင်ပါသည်။

NC Sealer ဆေးအား ဖျော်စပ်ရာတွင်
(Sealer အသား 1 litter + Thinner 2 Litter )ဖျော်စပ်ရပါသည်။

Inchem မှ ထုတ်သည့် PC Sealer နှင့် ဖျော်စပ်ပုံခြင်းတူသည်။
နောက်ထွက်သည့် Betex - Sealer များ သည် ပိုပြစ်၍ Thinner 2.5 Litter လောက်ထိ ထည့်၍ ဖျော်စပ်ရသည်။

NC Sealer သည် အခြောက်မြန်သောကြောင့်
Handanar ထည့်သွင်း၍ အသုံးပြုရန်မလိုအပ်ပါ။ Thinner များတွင်လည်း အမျိုးအစား အများကြီးရှိသည် ။ ထိုThinner အများဆုံးများထဲမှ AAA -Thinner နှင့် တွဲ၍ အသုံးပြုလျှင် ပိုအဆင်ပြေသည်။


Image Credit

905 Thinner များနှင့် တွဲသုံးမိလျှင် အေးသောအချိန် များတွင် ဖြူခြင်း၊ကွက်ခြင်းများလည်း ဖြစ်ပေါ်နိုင်သည်။

NC Sealer သည် သစ် ၏ အကြောများအား မပိတ်နိင်ပါ။ အထပ်ထပ် မှုတ်မှသာ သစ်အကြောများ ပိတ်နိုင်သည်။ထို့ကြောင့် အကြောပိတ်လုပ်မည့် အလုံးများ တွင် NC Sealer အား မသုံးသင့်ပါ။

အားလုံးကိုအစဥ်အမြဲ လေးစားလျက်
ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်
ကံကောင်းသောနေ့လေးဖြစ်ပါစေ
အားလုံး ကိုယ်၏ကျန်းမာခြင်းစိတ်၏ချမ်းသာခြင်းများနဲ့ပြည့်စုံပါစေ
@kaungsett8388
05.10.2022 (06:45) PM



0
0
0.000
11 comments
avatar

Sealer သုံးမျိုးထဲက NC sealer အကြောင်းလေးကို ဗဟုသုတ အဖြစ် သိခဲ့ရပါတယ်...Nice sharing! !PGM !LUV !PIZZA !MEME

0
0
0.000