မရေးတာကြာတော့ အခက်ခဲတွေဖြစ်

avatar

အားလုံးပဲမင်္ဂလာပါဗျ။ Hive Myanmar အဖွဲ့သားများ ကျန်းမာရဲ့လားဗျ။ကျွန်တော် အခုရက်ပိုင်အတွင်းမဟုတ်တော့ဘဲ လပိုင်အတွင်းလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။စာမရေးဖြစ်တာကို အတော်ကိုကြာခဲ့ပါပြီး။game post တွေလောက်သာ နေ့စဥ်ရက်ဆက်ဆိုသလို တင်ဖြစ်နေပါတယ်။

စာမရေးမဖြစ်တာကြာတော့ စာရေးဖို့အတွက်ကို ပျင်းရိနေပါတယ်။ နေ့တိုင်းလိုလို ငါဒီနေ့ စာရေးမယ် ငါဒီနေ့ရေးကို ရေးကမယ်လို့ စိတ်ကတော့ အမြဲတမ်းရှိနေပေးမယ့်လဲ မရေးတာကြာနေလို့လား မသိဘူး စာရေးဖို့ကို အတော်လေးအပျင်းထူးနေခဲ့တာ ရက်ရှည်နေခဲ့ပါပြီး။

ရက်ရှည်ဆိုသလိုပါပဲ hive ကလဲ စျေးကျနေခဲ့တာ အတော်လေး ကြာနေခဲ့တော့ စာရေးဖို့အတွက် အားမရှိဘူးဆိုရင်လဲ မမှားပါဘူး။အားမရှိတာနဲ့ပဲ စာမရေးဖြစ်ခဲ့တာ အခုဆိုရင်စာကိုပြန်ရေးဖို့အတွက် အတော်လေးကြိုးစားနေခဲ့ရပြီး။

အခုဆိုရင် splinterlands ကလဲ Challenge Post တွေကို vote မပေးတော့ဘူး။မပေးဆို ကိုယ်အနေနဲ့လဲ spellbook ဖွင့်လဲမထားတော့ မပေးတော့ဘူးလို့ထင်ပါတယ်။card တွေဝယ်ပြီးဆော့မယ်ဆိုတော့လဲ အဆင်မပြေပြန်ပါဘူး။တော်တော်လေး ဝယ်ယူရမယ်ဆိုတော့လဲ ကျတော်အနေနဲ့ စဥ်းစားနေရပါတယ်။

ဟိုတုန်းကတစ်ရက်ကို 3post 4post လောက်တင်တဲ့ရက်တွေရှိခဲ့ပါတယ်။အခုတော့ splinterlands ကလဲ မပေးတော့ တင်ဖို့အတွက် စိတ်ကမပါတော့ပြန်ပါဘူး။ဆိုတော့ post တင်ဖို့အတွက် စာရေးမှဖြစ်ပါတော့မယ်ဆိုတာ နားလည်လာခဲ့ပါတယ်။စာကမရေးတာ ကြာနေတော့ အစကိုဖော်လို့မရဖြစ်နေပါတယ်။

အခုpost တောင် ကျတော် ၃ရက်လောက်ထိရေးနေရတဲ့အထိကို ဖြစ်သွားခဲ့ပါပြီး။အရင်ကအခုလို မဖြစ်ခဲ့ဖူးဘူး။ကျတော်အနေနဲ့ စာမရေးခဲ့တာကြာသွားတော့ ကျတော်ကိုယ် ကျတော်တောင် တော်တော်လေးအံ့သြနေပါတယ်။ဘာနေနေ ရေးတာကြာသွားခဲ့မယ်ဆိုရင်တော့ ပြန်အဆင်ပြေမယ်လို့တော့ မျှော်လင့်မိပါတယ်။

@kaunglay2
22:00PM



0
0
0.000
7 comments